၂၀၀၆ ခုနှစ်တုန်းက Disney Channel ကနေ ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့တဲ့း Hannah Montana ထွက်ရှိခဲ့ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ်... Grammy ဆုရှင် မိုင်လေဆိုင်းရပ်စ် ကိုယ်တိုင်ပြန်ပါဝင်ထားပြီး Taylor Swift ရဲ့ The Eras Tour ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဖျော်ဖြေပွဲဒါရိုက်တာ Sam Wrench က ရိုက်ကူးပုံဖော်ထားတဲ့အထူးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။Call Her Daddy Podcast ရဲ့ အစီအစဉ်တင်ဆက်သူ Alex Cooper က မိုင်လေ ဆိုင်းရပ်စ် (Miley Cyrus) ကို အင်တာဗျူးလုပ်ထားတဲ့ ပုံစံနဲ့ စတင်တင်ဆက်ထားပါတယ်။ ဆယ်ကျော်သက်ဘဝမှာ Hannah Montana ဇာတ်ကောင်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ အောင်မြင်မှုတွေနဲ့ ဘဝအလှည့်အပြောင်းတွေကို မိုင်လေကပြောသွားပြီး အထူးခြားဆုံး အချက်ကတော့... လွန်ခဲ့တဲ့ အနှစ် ၂၀ က ရိုက်ကူးရေးစတူဒီယို အပြင်အဆင်တွေဖြစ်တဲ့ မိုင်လေတို့ရဲ့ တီဗီထဲက မာလီဘူ (Malibu) ကမ်းခြေအိမ်ကြီး၊ ဟန်နာမွန်တားနားရဲ့ လျှို့ဝှက်အဝတ်လဲခန်းကြီးတွေကို ပြန်ဆောက်ပြီး ... မိုင်လေက အဲ့ဒီအခန်းတွေထဲကို ဆယ်စုနှစ်များစွာကြာမှ ပထမဆုံးအကြိမ် ပြန်လည်ခြေချကာ သူမရဲ့ အတိတ်ကို ပြန်လည်အမှတ်ရပုံ ဖြစ်ပါတယ်။ ဟန်နာမွန်တားနားထဲမှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့တဲ့ တေလာဆွစ် , ဆယ်လီနာဂိုးမက်ဇ်တို့ကိုပါ guest အဖြစ်ခေါ်ထာားပြီး အမှတ်တရတွေကို ပြန်လည်တင်ဆက်ထားတာ ဖြစ်ပါတယ်။