Guilty, the AI Said HD

Guilty, the AI Said

TV Movie Mystery HD 2026 0.0 89

ဇာတ်လမ်းအကျဥ်းကတော့ ,,ကိုအန်ဂျီ မာဒိုကာက တိုကျိုခရိုင် တရားရုံးက တရားသူကြီးအသစ်လေးဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံ တရားရေးလောကမှာ နာမည်ကြီးတဲ့ ကိုအန်ဂျီ ရှီဇူကာရဲ့ မြေးမလေးလည်းဖြစ်ပါတယ်။ အဘွားခြေရာကို နင်းနိုင်ဖို့ ချစ်သူနဲ့ပါ အချိန်မပေးအားဘဲ မအိပ်မနေအသည်းအသန် ကြိုးစားနေတဲ့ တရားသူကြီးအသစ်လေးပါ။ တစ်နေ့ သူတို့ တရားရုံးကို အငြိမ်းစားယူတော့မယ့် တရားသူကြီးဟိဘာ ပြောင်းလာခဲ့ပြီး ကိုအန်ဂျီနဲ့ အလုပ်အတူတူ လုပ်ကြဖို့ ဖြစ်လာပါတယ်။ အဲဒီလို အချိန်မှာပဲ သူတို့ရုံးကို နည်းပညာကုမ္ပဏီတစ်ခုကနေ AI တရားသူကြီး-ဟိုရှင်းဆိုတဲ့ ပရိုဂရမ်တစ်ခုကို စတင်မိတ်ဆက်လာပါတယ်။ ဟိုရှင်းရဲ့ အားသာချက်တွေကြောင့် တရားသူကြီးတွေဟာအလုပ်ရဲ့ဝန်ကို လျှော့ချနိုင်မယ့်အပြင် အဓိကတရားစီရင်ချက် ရေးသားဖို့အတွက် ခေါင်းရှုပ်ခံစရာ မလိုတော့ဘူးလို့ ဆိုပြီး တရားသူကြီးတွေဟာ တစ်ခုခုဆိုရင် ဟိုရှင်းကို အကိုးအကားအဖြစ် စိတ်ပါလက်ပါ သုံးလာကြပါတယ်။တစ်ချိန်တည်းမှာပဲ အဖေကို သတ်တဲ့ သားရဲ့အမှုကို ဟိဘာနဲ့ ကိုအန်ဂျီတို့ အတူတူ ကြားနာစီရင်ဖို့ ဖြစ်လာခဲ့တဲ့အခါ .. အတွေ့အကြုံများလှတဲ့ တရားသူကြီးဟိဘာ၊ တရားသူကြီးအသစ် ကိုအန်ဂျီတို့ တရားခံကို ဘက်မလိုက်ဘဲ တရားမျှတစွာ စီရင်ချက်ချနိုင်ဖို့ AI တရားသူကြီးကပဲ ကူညီပေးနိုင်မလား...ဂျူရီတွေရဲ့ သုံးသပ်ချက်ကပဲ အထောက်အကူဖြစ်မလား...တရားသူကြီးတွေရဲ့ မူလတာဝန်သိစိတ်ကပဲ ဆုံးဖြတ်ပေးနိုင်မလားဆိုတာကတော့...