Thine Ears Shall Bleed HD

Thine Ears Shall Bleed

Horror Western HD 2024 6.4 102

၁၈၆၀ ပြည့်လွန်နှစ်တွေရဲ့အမေရိကန်နောက်ပိုင်း တောအုပ်ကြီးတစ်ခုအတွင်းမှာ သင်းအုပ်ဆရာ အက်ဇီကယ်၊ ဇနီး ဆာရာနဲ့ သားသမီးတွေဖြစ်တဲ့ အဘီဂေးလ်နဲ့လုခ်တို့မိသားစုဟာ ဘုရားကျောင်းသစ်ဆောက်လုပ်ဖို့ခရီးထွက်လာရင်း လမ်းမှားသောင်တင်သွားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အက်ဇီကယ်က တောအုပ်ထဲက ကောင်းကင်တမန်ဆန်ဆန် ထူးဆန်းတဲ့အသံတစ်ခုကိုကြားမိရာက ဘုရားသခင်ရဲ့အသံတော်လို့ယူဆပြီးကြားရာကိုလိုက်သွားခဲ့ပါတယ်။ ကျယ်လောင်လွန်းလှတဲ့အသံလှိုင်းကြောင့် နားစည်ပေါက်ပြီး နားပင်းသွားခဲ့ပေမယ့် အက်ဇီကယ်ကတော့ အဲ့ဒါဟာ ဘုရားသခင်ရဲ့စမ်းသပ်မှုပါပဲလို့ စွဲလန်းယုံကြည်နေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ မျက်မမြင်ဖြစ်တဲ့ လုခ် အမြင်အာရုံတွေပြန်ရလာတာမျိုး၊ အဘီဂေးလ်လက်မှာထူးဆန်းတဲ့ မီးလောင်ဒဏ်ရာတွေရလာပြီး ပြန်ပျောက်သွားတာမျိုး စသဖြင့် အံ့ဖွယ်အမှုလို့ယုံကြည်စရာဖြစ်ရပ်ဆန်းတွေ ဆက်တိုက်ကြုံပြီးတဲ့နောက်မှာ အက်ဇီကယ်ဟာ သူ့ကိုယ်သူ နောက်လာမယ့် ပရောဖက်တစ်ယောက်ပဲလို့ အခိုင်အမာယုံကြည်လာချိန်မှာတော့..။Thine Ears Shall Bleed (2024) ဟာအခုနောက်ပိုင်းနှစ်တွေထဲမှာခေတ်စားနေတဲ့ ဘာသာရေးအယူသည်းမှုနဲ့သဘာဝလွန် ထိတ်လန့်စရာများကို ပေါင်းစပ်ရိုက်ကူးထားသည့် Period Horror ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ညွှန်းအားနည်းချက်တစ်ချို့ရှိပေမယ့် နောက်ခံတေးဂီတ၊ သရုပ်ဆောင်တွေရဲ့အပေးအယူမျှတပီပြင်မှုနဲ့သွေးထွက်သံယိုဇာတ်ကွက်တွေ Immaculate(2024) တို့ The First Omen တို့ကိုသဘောကျခဲ့ဖူးရင် ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။