Not Made for Politics HD

Not Made for Politics

Documentary HD 2025 7.5 89

ဒီဇာတ်လမ်းကတော့ documentary film တစ်ခုဖြစ်ပြီး 2020 ခုနှစ် Belarus မှာ ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အဲဒီကလူတွေရဲ့ တကယ့်ဘဝတွေအကြောင်းနဲ့ ပတ်သက်ပြီး ရိုက်ကူးမေးမြန်းခဲ့တဲ့ real footage တွေအားလုံးကို သုံးထားတာပဲ ဖြစ်ပါတယ်။ တော်လှန်ဆန္ဒပြပွဲတွေထဲ ပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့ ခင်ပွန်းတွေရဲ့ ဇနီးသည်တွေဖြစ်တဲ့ Sviatlana, Nadzeya နဲ့ Masha ဆိုတဲ့ သာမန် Belarusian အမျိုးသမီးသုံးဦးအကြောင်းကို မှတ်တမ်းတင်ထားပါတယ်။ ဒီ documentary က ငါးနှစ်တာကာလအတွင်း အဲဒီအမျိုးသမီးသုံးယောက်ရဲ့ လူသိပ်မသိတဲ့ သာမန်ပြည်သူတွေဘဝကနေ နိုင်ငံတကာသိအောင် ငြိမ်းချမ်းစွာ တော်လှန်ရေးကို ဦးဆောင်နေတဲ့ နိုင်ငံရေးသမား အမျိုးသမီးတွေအဖြစ် ပြောင်းလဲလာပုံကို ခြေရာခံရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ရဲ့ Filmmaker ဖြစ်တဲ့ Volia Chajkouskaya က အမျိုးသမီးတွေရဲ့ သတ္တိရှိမှုနဲ့ personal empowerment အကြောင်း၊ သာမန်လူတစ်ဦးချင်းစီက ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို လုပ်နိုင်စွမ်းရှိကြောင်းကို ဖော်ထုတ်ပြဖို့အတွက် ဒီခရီးစဉ်ကို မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။