ဇာတ်ညွှန်း ဟက်ဒ်လေဆိုတာကတော့ ခြစား၊ အကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး တခြားဘာဖြစ်ဖြစ် သိပ်ဂရုမစိုက်တတ်တဲ့လူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူ့အကျိုးအတွက်ရထားလမ်းဖောက်ရင်း တစ်ရက်မှာတော့ မြို့လေးတစ်မြို့က ကန့်လန့်လာခံပါတော့တယ်။ ဒီလိုနဲ့ အကြံကုန်သွားတဲ့ ဟက်ဒ်လေမှာ အကြံဆိုးတစ်ခု ဖြတ်ကနဲရခဲ့ပါတယ်။ ဘာလဲဆိုတော့ အဲဒီမြို့မှာ လူမည်းရဲမှူးတစ်ယောက်ခန့်ပြီး မြို့နဲ့ ရဲမှူးကို အဆင်မပြေဖြစ်အောင်လုပ်ပြီး ကြားထဲကနေ အမြတ်ဝင်ထုတ်၊ မြို့ပျက်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထင်ထားသလိုတွေဖြစ်မလာတဲ့အခါ ဘယ်လိုမျိုး ဆက်လက်အကျင့်ယုတ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။