Tales from the Magic Garden HD

Tales from the Magic Garden

ကလေး ၃ ယောက်နှင့် ထူးဆန်းသောပုံပြင်ကမ္ဘာဇာတ်လမ်းကတော့ အမြဲတမ်း ပုံပြင်တွေ ပြောပြလေ့ရှိတဲ့ အဖွားဖြစ်သူ ကွယ်လွန်သွားပြီးနောက်... အဖိုးဖြစ်သူရဲ့ အိမ်မှာ လာရောက် ညအိပ်ကြတဲ့ ကလေး ၃ ယောက်အကြောင်းကနေ စတင်ထားတာပါ။ အဖွား မရှိတော့တဲ့အတွက် အိမ်ကလေးဟာ ခြောက်ကပ် တိတ်ဆိတ်လို့ နေခဲ့ပါတယ်။ ဒီလို တိတ်ဆိတ်ဆို့နင့်မှုကို ကျော်လွှားဖို့အတွက် ကလေး ၃ ယောက်ဟာ ငြိမ်မနေဘဲ သူတို့ ကိုယ်ပိုင် စိတ်ကူးယဉ် ပုံပြင်တွေကို တန်းစီ ဖန်တီးလိုက်ကြပါတော့တယ်။ ဒီလို ပုံပြင်တွေ ပြောပြရင်းနဲ့ပဲ သူတို့ဟာ စိတ်ကူးယဉ် စွမ်းအားရဲ့ ဆန်းကြယ်မှုကို တွေ့ရှိသွားကြပြီး အဖွား သေဆုံးသွားခဲ့ရတဲ့ ဝမ်းနည်းမှုကို ပျော်ရွှင်စရာ အမှတ်တရတွေအဖြစ် ဘယ်လိုမျိုး အစားထိုး ပြောင်းလဲသွားကြမလဲဆိုတာကို နွေးထွေးစွာကြည့်ရမယ့် အန်နီးမေးရှင်းကားကောင်းလေးဖြစ်ပါတယ်။