၁၉၇၀ ပြည့်လွန်နှစ်များက အီတလီနိုင်ငံ၊ La Spezia မြို့နဲ့ ပင်လယ်ကွေ့တစ်ဝိုက်မှာဖြစ်ပွားခဲ့ဖူးတဲ့ တရားဝင် အတည်မပြုနိုင်သေးတဲ့ UFO ထူးဆန်းစွာတွေ့ရှိမှုတွေ သံလိုက်စက်ကွင်း မမှန်မကန်ဖြစ်မှုများနှင့် လူပျောက်ဆုံးမှု မှတ်တမ်းဟောင်းများကို အခြေခံကာ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို Sci-Fi Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်.... La Spezia မြို့ရဲ့Area Codeဖြစ်တဲ့ 0187 ကို ဇာတ်ကားနာမည်ပေးထားတာပြီး မြို့အနီးက တောအုပ်တွေနဲ့ တောင်ကြောတွေဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို လိုက်လံရှာဖွေရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေ၊ မယုံနိုင်စရာ အမှန်တရားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်....