သာမန်လူငယ်တယောက်ဖြစ်တဲ့ ရူဘင်ဟာ မတော်တဆမှုတခုဖြစ်ခဲ့ပြီး ဦးနှောက် ေသသွားပြီလို့ သတ်မှတ်ခံရကာ ကိုမာအနေအထားနဲ့ ဆေးရုံမှာ နှစ်နှစ်နေခဲ့ရပါတယ်။ ၂ နှစ်အထိ ဘာမှမထူးခြားတဲ့အတွက် မိသားစုက သူ့ကိုအဆုံးသတ်တော့မယ့်အချိန်မှာပဲ ရူဘင်ဟာ ကိုမာကနေပြန်နိုးလာခဲ့ပါတယ်။ ထူးခြားတာက အဲဒီ ကိုမာကနေ နိုးလာပြီးနောက်ပိုင်း ရူဘင်ဟာ အကြားအာရုံအင်မတန်ထက်မြက်သွားပြီး အသံမျိုးစုံကို ကွဲကွဲပြားပြား အထင်းသားကြားနိုင်စွမ်းရှိသွားပါတယ်။ရူဘင်ဟာ နေပြန်ကောင်းလာပြီးနောက်မှာ သူသတိမေ့နေတုန်း အနီးကပ်ပြုစုခဲ့တဲ့ သူနာပြုမလေးရှိတဲ့နေရာကို သွားရှာရင်း အဲဒီရပ်ကွက်ထဲမှာ ကလေးခိုးဂိုဏ်းနောက်လိုက်နေတဲ့ ရဲတစ်ယောက်နဲ့ ရင်းနှီးသွားပါတယ်။ အဲဒီရဲနဲ့စကားစမြည်ပြောနေတုန်း အဝေးက ကားတစီးဆီကနေ ကလေးငိုသံခပ်သဲ့သဲ့ ကြားလိုက်ရတဲ့အခါ...။