Mito Komon HD

Mito Komon

ဇာတ်လမ်းအကျဉ်းမိတိုနယ်ရဲ့ ဒုတိယမြောက်ဆက်ခံသူ နယ်စားမင်းကြီး မိတို မိဆွတ်ခုနိဟာ သူ့ရဲ့ သစ္စာရှိ သက်တော်စောင့်နှစ်ယောက်ဖြစ်တဲ့ ဆုကဲနဲ့ ဂါကုတို့နဲ့အတူ ထိုင်လျက်ရှိပါတယ်။သူဟာ နယ်မြေက တိုင်းသူပြည်သားတွေ ပျော်ရွှင်အေးချမ်းနေတာကို လိုလားပြီး အနုပညာကို ဝါသနာပါတဲ့ နယ်စားမင်းကြီး ဖြစ်ခဲ့ပါတယ်။ နယ်စားမင်းကြီးဘဝက အနားယူလိုက်ပေမဲ့လည်း သတင်းတွေကို မျက်ခြေမပြတ်စေခဲ့သူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အထောက်တော်တွေက ပေးလာတဲ့သတင်းတွေအရ သူ့ရဲ့ တူဖြစ်သူ နယ်စားရှိရာ ကာဂါနယ်ကို ကုန်သည်ဟောင်း သခင်ကြီးတစ်ယောက်အနေနဲ့ ရုပ်ဖျက်ကာ ခရီးထွက်ခဲ့ပါတော့တယ်။ လမ်းမှာ ကာဂါကာနာဇာဝါကို သွားမယ့်မိန်းကလေးက တစ်ယောက်တည်းဖြစ်နေလို့ အတူလိုက်ပါရစေ ခွင့်တောင်းရာ အတူလိုက်ပါစေခဲ့ပါတယ်။နယ်မြေအေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတဲ့ နယ်စားမင်းကြီး ခရီးသွားရာ လမ်းတစ်လျှောက် ကြုံတွေ့ရတဲ့ နယ်မြေတွေက ပြဿနာတွေကို ဘယ်လိုတွေ ဖြေရှင်းကူညီပေးသွားမလဲဆိုတာ...