ဇာတ်ညွှန်း ကာတိုဟာ ကော်ဖီဆိုင်တစ်လေးတစ်ဆိုင်ရဲ့ ပိုင်ရှင် လူငယ်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အလုပ်သိမ်းချိန် အပေါ်ထပ်ကိုတက်သွားတဲ့အချိန်မှာ သူ့ရဲ့ တီဗီပေါ်မှာ လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ အဲဒီလူကတော့ သူကိုယ်တိုင်ဖြစ်နေပြီး အဲဒီလူက အနာဂတ်ရဲ့ ၂ မိနစ်တိတိကိုရောက်ရှိနေတယ်ဆိုပြီး ပြောလာပါတယ်။ အစကတော့ မယုံခဲ့ပေမဲ့ သူကိုယ်တိုင် အဲဒီ ၂ မိနစ်ကိုရောက်သွားပြီး အတိတ် ၂ မိနစ်မှာ ကျန်ခဲ့တဲ့ ကာတိုကို စကားပြန်ပြောခဲ့တဲ့အချိန်မှာတော့ တော်တော်လေးကို အံ့အားသင့်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကော်ဖီဆိုင်မှာ လုပ်နေတဲ့ကောင်မလေးနဲ့ ကာတိုရဲ့ သူငယ်ချင်းတွေပါ ဒီအဖြစ်ကိုသိသွားပြီး အနာဂတ်ကို ၂ မိနစ်ပဲ သိရတာ မမိုက်ဘူး။ အကြာကြီးသိရရင် ငါတို့တော့ ချမ်းသာပြီဆိုကာ အနာဂတ်ကို အဝေးကြီးမြင်ရအောင်ကြံရင်းနဲ့ တလွဲတွေဖြစ်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။