Freaks ကတော့ ၂၀၁၈ ခုနှစ်ထွက် ဝေဖန်သူတွေကြားထဲမှာ အောင်မြင်မှုရခဲ့တဲ့ အင်ဒီးသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂,၅၀၀ ဝန်းကျင်ပဲရှိခဲ့ပြီး Box Office မှာ ဒေါ်လာ သန်းချီမရခဲ့ပေမဲ့လည်း အသိအမှတ်ပြုမှုတွေကိုရရှိခဲ့ပြီး အတော်လေးကို အမြတ်အစွန်းများခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း ကလိုဝီလေးဟာ ငယ်စဉ်ကတည်းက အိမ်ထဲမှာ အဖေဖြစ်သူရဲ့ ပိတ်လှောင်ခြင်းကို ခံထားရသူဖြစ်ပါတယ်။ ဒီလိုမျိုး ပိတ်လှောင်ခံရတာ ၇ နှစ်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ “အပြင်ဘက်က အန္တရာယ်များတယ်၊ ဒီလိုလုပ်ရတာ သမီးအတွက်ပါ” ဆိုပြီး အဖေ့ရဲ့ စကားကိုကြားခဲ့တာလည်း လူမှန်းသိတတ်စကတည်းပါ။ ဒါပေမဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ အိမ်ထဲမှာ ပိတ်လှောင်ထားနိုင်မှာလဲ။ အပြင်လောကကို ဘယ်လောက်ထိ ဖြတ်တောက်နိုင်မှာလဲ။ တစ်ရက်မှာတော့ သူ့အဖေအိပ်နေတုန်း ကလိုဝီလေးက ရေခဲမုန့်စားချင်လို့ အိမ်ထဲကနေထွက်ကာ ရေခဲမုန့်ကားဆီကိုသွားရာကနေ မထင်မှတ်ထားတာတွေစဖြစ်လာခဲ့ပါတယ်။ သူ့အဖေပြောသလိုပဲ အပြင်လောကက တကယ်ကြီး အန္တရာယ်များနေတာလားဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။