Adhey Neevu Adhey Nenu HD

Adhey Neevu Adhey Nenu

Crime Thriller Romance HD 2026 0.0 124

ဇာတ်လမ်းအစမှာ ဇာတ်လိုက်ဖြစ်သူ ဆရီဗာလီတစ်ယောက် ထိတ်လန့်ဖွယ်စရာကိစ္စတစ်ခုနဲ့ရင်ဆိုင်နေရတာကိုတွေ့ပြီး အဲဒီအခြေအနေကို ဘယ်လိုရောက်လာလဲဆိုတာ ဖြည်းဖြည်းချင်း ပြန်ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ဟိုက်ဒရာဘတ်မြို့က အိမ်ရာတိုက်ခန်းတစ်ခုမှာနေထိုင်တဲ့ ဆာဂါနဲ့ ဆရီဗာလီတို့ဟာ သာမန်အားဖြင့် အဆင်ပြေနေကြတဲ့ အိမ်ထောင်သည် လင်မယားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆာဂါကတော့ အလုပ်အရမ်းများသူဖြစ်ပြီး အလုပ်ရှုပ်လွန်းတာကြောင့် ဗာလီ့ကို လုံလုံလောက်လောက် ဂရုမစိုက်နိုင်အချိန်မပေးနိုင်ပါဘူး။ အဲဒီအချိန်မှာပဲ သူတို့နဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ရုပ်ချောဖေ။်ရွေတတ်တဲ့ ကာသစ်ဆိုတဲ့လူငယ်တစ်ယောက် ရောက်လာပါတယ်။ အထီးကျန်နေတဲ့ ဆရီဗာလီဟာ ကာသစ်ရဲ့ ဂရုစိုက်မှုတွေ၊ အပြောတွေအောက်မှာ နေမျောနေမိချိန်မှာပဲ သူ့ခင်ပွန်း ဆာဂါနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကိုသိလိုက်ရတဲ့အခါမှာတော့...။