ဆိတ်ငြိမ်တဲ့ ရေကန်ဘေးမြို့ငယ်လေးကိုအခြေခံထားပါတယ်။ မြို့ရဲ့ရေပေးဝေမှုစနစ်တွေထဲမှာ ကပ်ပါးပိုးကောင်တွေပါဝင်နေပြီး အဲ့ဒီရေကို သတိနဲ့သောက်သုံးထိတွေ့ဖို့ အမျိုးသားရေအရင်းအမြစ်ဌာနက ဆက်တိုက်သတိပေးချက်ထုတ်ပြန်ကြေငြာနေသလို မသိလိုက်ပဲ အထိအတွေ့ရှိခဲ့မိသူတွေကလည်း သူတို့ရဲ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့အပြောင်းအလဲတွေအမြင်အာရုံတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ အဲ့ဒီလိုပဲ ရေကန်အောက်ကနေ တစ်စုံတစ်ရာက သက်ဝင်လှုပ်ရှားလာနေပြီးရေပေါ်ကိုတစ်ဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါ မြို့ခံလူထုကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာချိန်မှာတော့..။‘The Otherkind’ ဟာ ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာ ဆုတွေဆွတ်ခူးခဲ့ပြီး Chicago Film Frenzy မှာ Best Horror/Thriller ဆု၊ Sin City Horror Fest မှာ Blood, Sweat & Fears Award ဆုနဲ့ LA International Art Film Fest မှာ Best Indie Film ဆုတွေ ရရှိခဲ့ပါတယ်။ အိုင်ယာလန် ရိုးရာ ရေသူမဒဏ္ဍာရီကို ခေတ်သစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလှည့်အပြောင်းနဲ့ ပေါင်းစပ်ထားပြီး သွေးထွက်သံယိုတွေထက် နောက်ခံတေးဂီတ၊ ဇာတ်ကောင်တွေရဲ့ခံစားချက်တွေကိုဦးစားပေးတင်ဆက်ထားတဲ့ Indie Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။