Haunting of Mount Welirang HD

Haunting of Mount Welirang

Horror Adventure Mystery HD 2026 4.0 105

ဒီဇာတ်ကားလေးကတော့ တောမှောက်တာတို့ ကျတ်ရွာတွေ၊ တခြားဘုံကမ္ဘာတွေကို ရောက်သွားတာတို့ ဒီလိုဇာတ်အိမ်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက်ကတော့ တကယ်ကြည့်လို့ကောင်းမဲ့ အင်ဒိုနီးရှား ဟော်ရာကားကောင်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆာထရီယာ၊ အာဂါ၊ နာယာ၊ နိုဗယ်နဲ့ တီတာဆိုတဲ့ သူငယ်ချင်းငါးယောက်ဟာ တက္ကသိုလ် နောက်ဆုံးနှစ်မှာ စာတမ်းရေးသားပြီးလို့ မကြာခင် ဘွဲ့ရတော့မှာဖြစ်ပြီး နှစ်အတော်ကြာ အတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေလည်း ခွဲခွာရတော့မှာဖြစ်လို့ လူစုံတက်စုံရှိတုန်း နောက်ဆုံးအနေနဲ့ အုပ်စုလိုက် အမှတ်ရစရာ တစ်ခုခုလုပ်ကြဖို့ စဉ်းစားကြပါတယ်။ဆတ်ထရီယာက သူတို့ပြောခဲ့ဖူးတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ တောင်တက်တာကို အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းပါတော့တယ်။ အဲ့ဒါကြောင့်သူငယ်ချင်းငါးယောက်ဟာ ဘယ်တောင်တက်မလဲဆိုတာကို ရွေးချယ်ရင်းကနေ ၂ ညနဲ့ ၃ ရက်ကြာ တက်ရမဲ့ ဝီလီရမ်းတောင်ကို တက်ကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့ဟာ နောက်ဆုံးနားနေစခန်းကနေ စတက်လာပြီး နာရီပိုင်းကြာတဲ့အခါမှာ သစ်တောထဲမှာ ရုတ်တရက်မြူတွေဆိုင်းလာပြီး ဆိုင်းသံဗုံသံ၊ မောင်းတီးသံတွေကို ကြားလိုက်ရပါတယ်။ သူတို့က ဇဝေဇဝါဖြစ်သွားပြီး အားတင်းပြီး ဆက်တက်လာရာကနေ ဘယ်လိုဖြစ်ရပ်ဆန်းကြယ်တွေ ကြုံတွေ့ရမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။