Dilwali Diwali HD

Dilwali Diwali

Comedy BollyWood HD 2026 0.0 61

မိသားစုနဲ့ အတူပေါပေါ့ပါးပါးနဲ့ ကြည့်လို့‌ကောင်းမယ့် အိန္ဒိယ မိသားစုဟာသ ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်‌ပေးလိုက်ပါတယ်။နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အောင်မြင်နေတဲ့ သားဖြစ်သူ အန်ရှ်ဟာ အိန္ဒိယမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ လူလတ်တန်းစား မိဘနှစ်ပါးဖြစ်သူတို့အတွက် ခေတ်မီဆန်းသစ်ပြီး အဆင့်မြင့်တဲ့ မိုးမျှော်တိုက် တိုက်ခန်းအသစ်တစ်ခန်း ဝယ်ပေးခဲ့ပါတယ်။ ဒီပါ၀လီပွဲတော်ကာလမှာ အန်ရှ်ဟာ မိသားစုနဲ့အတူ ပွဲတော်ဆင်နွှဲဖို့ အိမ်ပြန်လာခဲ့ချိန်မှာတော့ ပြဿနာစပါတော့တယ်။ သူ့မိဘတွေဟာ သားဖြစ်သူပြင်ဆင်ပေးထားတဲ့ သူစိမ်းဆန်ပြီး စည်းကမ်းကြီးတဲ့ တိုက်ခန်းအသစ်ထက် အရင်အိမ်ဟောင်းရဲ့ အိမ်နီးနားချင်း အဆက်အဆံတွေ၊ ရင်းနှီးနွေးထွေးတဲ့ ပတ်ဝန်းကျင်ဟောင်းကိုပဲ ပိုမိုတမ်းတနေကြတာဖြစ်ပါတယ်။ သားဖြစ်သူရဲ့ စေတနာကို အားနာတာကြောင့် တိုက်ခန်းအသစ်မှာ ပျော်ချင်ယောင်ဆောင်ရင်း အိမ်နီးနားချင်းအသစ်တွေနဲ့ ရင်းနှီးသလိုမျိုး သားဖြစ်သူယုံအောင် ဟန်ဆောင်ပြကြရတဲ့အခါမှာတော့.....ခေတ်သစ်မိသားစုတွေကြားက အယူအဆကွဲလွဲမှု ချစ်ခြင်းမေတ္တာနဲ့ ရိုးရာအစဉ်အလာကို နွေးထွေးစွာ ရိုက်ကူးတင်ဆက်ထားပုံတွေကိုကြည့်ရှုခံစားလိုက်ကြပါဦး။