ချန်နိုင်းမြို့ ဆတ်သယာရပ်ကွက်မှာ နေထိုင်ကြတဲ့ မတူညီတဲ့ မိသားစုသုံးစုက စီးပွားရေးအခက် အခဲတွေကြားမှာတစ်အိမ်တည်း အတူနေထိုင်ရင်း မိသားစုတစ်စုလို ချစ်ခင်ရင်းနှီးလာကြသူတွေ ဖြစ်ပါတယ်။ တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီရင်း ရိုးရိုးရှင်းရှင်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတို့ရဲ့ဘဝထဲမှာ တစ်နေ့တော့ ကလေးတွေက ရူပီးသန်းငါးဆယ်ပါတဲ့ ပုံးကို တွေ့လို့ ယူလာခဲ့ကြပါတယ်။ အဲဒီငွေကြေးဟာ သူတို့အတွက် ကံကောင်းခြင်းတစ်ခု ဖြစ်လာမလား၊ ဒါမှမဟုတ် အရင်ကတည်းက တည်ရှိနေခဲ့တဲ့သံယောဇဉ်တွေကို ဖျက်ဆီးပစ်မယ့် အကြောင်းရင်းတစ်ခု ဖြစ်လာမလား။ငွေကြေးကို ပိုင်ဆိုင်လိုစိတ်တွေ တဖြည်းဖြည်းကြီးထွားလာတဲ့အခါ အချင်းချင်းယုံကြည်မှုနဲ့ ချစ်ခင်မှုတွေဟာလည်း ဝေဝါးလာပါတော့တယ်။ ငွေကြေးက လူ့စိတ်ကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်သလဲ၊ အခက်အခဲတွေကြားမှာ တည်ဆောက် ထားတဲ့မိသားစုသံယောဇဉ်တွေဟာ လောဘရဲ့ရှေ့မှာ ဘယ်လိုရပ်တည်နိုင်မလဲဆိုတာကိုဟာသနဲ့ ရသတို့ ရောစပ်ထားတဲ့ တမီးလ်မိသားစုဒရာမာရုပ်ရှင်ကို တက်ဆက်ပေးလိုက်ပါတယ်။