ဒါရိုက်တာ George Varghese က ရိုက်ကူးပြီး Bibin George၊ Baburaj၊ Murali Gopy နှင့် Navas Vallikunnu တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မလေးယာလမ် သည်းထိတ်ရင်ဖို ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။တစ် နေ့မှာတော့ ရက်စက်တဲ့တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကို မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့လူမိုက်ခေါင်းဆောင်ကြီးနဲ့ အဖေ့ရဲ့ အရေးပေါ်အခြေအနေတစ်ခုကြောင့် ဆေးရုံကိုအသည်းအသန်လာခဲ့တဲ့ အူနီတို့ မိသားစု ဟာ ဆေးရုံ အရေးပေါ်လူနာဌာန (ICU) ရှေ့ကို တပြိုင်နက်တည်း ရောက်ရှိလာကြပါတယ်။လူနာတွေရဲ့ အသက်အန္တရာယ် အခြေအနေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြတုန်းမှာ မပြေလည်သေးတဲ့ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်ရှည်လများ မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေနဲ့ မကျေနပ်ချက် တွေ ပေါက်ကွဲထွက်လာခဲ့ပြီး အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်က အမှန်တရားနဲ့တကယ့်တရားခံအစစ်ကို တဖြည်းဖြည်းချင်း ဖော်ထုတ်သွားပုံတွေကိုကြည့်ရှုခံစားရမှာပါ။