Istanbul မြို့မှာ တစ်ခုတည်းသော အဝတ်ချွတ်ကလပ်ဖြစ်တဲ့ Sultana ဆိုတဲ့ ကလပ်တစ်ခုရှိပါတယ်။ အဲဒီကလပ်မှာ Meral ဆိုတဲ့ အမျိုးသမီးက ရေပန်းအစားဆုံး ကချေသည်ပါ။ တစ်နေ့တော့ Meral က Belarus ကနေ ပြောင်းလာတဲ့ Anna ဆိုတဲ့ အရည်အချင်းရှိတဲ့ ကချေသည်အသစ်တစ်ယောက်ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မကြာခင်မှာပဲ Anna က အရမ်းတော်လွန်းလို့ Meral ရဲ့နေရာကို လုလာနိုင်တယ်ဆိုတာကို Meral သိသွားပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်လာပြီး ကလပ်ရဲ့ နံပါတ်တစ်ကြယ်ပွင့်ဖြစ်ဖို့အတွက် အမျိုးသမီးတွေအချင်းချင်း ယှဉ်ပြိုင်ကြပါတော့တယ်။ ဒါပေမဲ့ အမျိုးသမီးတွေ အချင်းချင်း ရန်ဖြစ်နေရင်းက သူတို့တွေက တကယ်တော့ ရန်သူအမှားကို အာရုံစိုက်မိနေတာဖြစ်ပြီး ကလပ်ကို ဦးစီးပြီး သူတို့ဘဝတွေကို ထိန်းချုပ်နေကြတဲ့ အမျိုးသားတွေကသာ တကယ့်ရန်သူအစစ်တွေဖြစ်ကြောင်း သိလာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ sisterhood နဲ့ feminism ကို ပုံဖော်ထားတဲ့ ဒရမ်မာတစ်ကားပဲဖြစ်ပါတယ်။