Scott ဆိုတဲ့ ကောင်လေးက သူ့ရည်းစားနဲ့ ပြတ်ပြီးတဲ့နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျကုန်လို သူ့သူငယ်ချင်းတွေက သူ့ကို ပါတီလုပ်ဖိုနဲ့ တောထဲမှာစခန်းချဖိုအတွက် ပိတ်ရက်မှာ ခေါ်သွားကြပါတယ်။သူတိုသွားတဲ့ တောအုပ်ကြီးက Tennessee က မြိုငယ်လေးမှာရှိပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအကျော်က ရက်ရက်စက်စက် မိသားစု သတ်ဖြတ်မှုကြီးနဲ့ ပတ်သက်တဲ့ ခြောက်ခြားစရာ ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းအုပ်စုက သတိပေးချက်တွေကို လျစ်လျူရှုပြီး သောက်စားပျော်ပါးရင်း ရေကူးကြပါတယ်။ မကြာခင်မှာပဲ သူတိုတွေရဲ့ ဖုန်းလိုင်းတွေ မမိတော့ဘဲ၊ ပုံပြင်ထဲက မျက်နှာဖုံးစွပ်လူသတ်သမားက တကယ်အစစ်အမှန် ရှိနေတာဖြစ်ပြီးတော့ သူတိုတစ်ယောက်ချင်းစီကို လိုက်ခြေရာခံနေတာဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ သူငယ်ချင်းအုပ်စုထဲက ဘယ်သူတွေက အသက်ရှင်လျက် တောအုပ်ထဲကနေ ပြန်ထွက်လာနိုင်မလဲဆိုတာကို ခြောက်ခြားစွာကြည့်ရှုရမဲ့ dark comedy, horror တစ်ကားပဲ ဖြစ်ပါတယ်။