တေလေဂူးစကားပြော ဟာသ မှုခင်းဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။အလွန်ဘရုတ်ကျတတ်တဲ့ ဆန်ဒိဆိုတဲ့လူငယ်ဟာ သူငယ်ချင်းရဲ့ လူပျိုညမှာ ပါတီတစ်ခုကို အတူသွားကဲပြီး အပြန်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။ ဘယ်သူမှ ဒဏ်ရာကြီးကြီးမာမားမရခဲ့ပေမဲ့ ကံဆိုးချင်တော့ သူတို့တိုက်မိတဲ့ကားဟာ ဂိုဏ်းစတားတစ်ယောက်ရဲ့ကားဖြစ်နေတာပါ။အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း ဒုစရိုက်ဂိုဏ်းကြီးနှစ်ခုက အပြိုင်လုနေကြတဲ့ပစ္စည်းတစ်ခု ဆန်ဒိတို့နဲ့ မတော်တဆပါလာတဲ့အခါ..။ မင်္ဂလာဆောင်တဟ်ခုကနေ ဘရုတ်သုတ်ခလုပ်မိတဲ့ အကျိုးဆက်ရဲ့ နောက်ဆက်တွဲ တလွဲဖြစ်ရပ်တွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။