Edge of Summer HD

Edge of Summer

Drama Thriller HD 2024 3.0 98

ဒီဇာတ်လမ်းကတော့ Evie လို့ခေါ်တဲ့ 11 နှစ်အရွယ် ကလေးမလေးရဲ့ Cornwall က နွေရာသီပိတ်ရက်အတွင်းမှာ ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့လူကြီးနဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေအကြောင်း coming of age ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အချိန်ကတော့ 1991 ဩဂုတ်လအချိန် ဖြစ်ပြီးတော့ Evie က သူ့ရဲ့ အမေ Yvonne နဲ့အတူ Cornwall မှာ နွေရာသီပိတ်ရက် ကုန်ဆုံးဖို့ လာခဲ့တာပါ။ ဒါပေမဲ့ Yvonne က Tony ဆိုတဲ့ သူနဲ့ အီစီကလီနေတဲ့ လူကြီးတစ်ယောက်ကို မိသားစုထဲ ခေါ်လာလို့ Evie က သူ့ကိုယ်သူ third wheel လို ခံစားရပြီး မကျေနပ်တော့ပါဘူး။နောက်တော့ Evie က Adam ဆိုတဲ့ သူ့လိုပဲ ဖခင်မရှိတဲ့ နယ်ခံကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ ဖခင်မရှိတော့တာချင်းတူတဲ့ ကလေးနှစ်ယောက်က အတူတူအချိန်ကုန်ဆုံးကြရင်း လူကြီးတွေရဲ့ လျှို့ဝှက်ချက်တွေနဲ့ လက်တွေ့ဘဝရဲ့ အမှန်တရားတွေကို ကြုံတွေ့ရာကနေ ဘယ်လိုမျိုး ရင့်ကျက်လာအောင် သင်ယူရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလို့ရပါတယ်။