Other Mommy HD

Other Mommy

Horror HD 2026 5.8 93

Other Mommy (၂၀၂၆) ရုပ်ရှင်ကားဟာ စာရေးဆရာ ဂျော့ရှ် မယ်လာမန် (Josh Malerman) ရဲ့ ဝတ္ထု "Incidents Around the House" ကို အခြေခံပြီး ဒါရိုက်တာ ရော့ဘ် ဆားဗေ့ချ် (Rob Savage) က ရိုက်ကူးထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို (Supernatural Horror) ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ နာမည်ကြီး သည်းထိတ်ရင်ဖို ဒါရိုက်တာ ဂျိမ်းစ်ဝမ် (James Wan) က ထုတ်လုပ်သူအဖြစ် ပါဝင်ထားပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ရုံတင်ပြသခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း+++++++++++++ဇာတ်လမ်းကတော့ ဘယ်လာ(Bela) လို့ခေါ်တဲ့ အသက် ၈ နှစ်အရွယ် ကောင်မလေးနဲ့ သူမရဲ့ မိသားစုအကြောင်းပါ။ ဘယ်လာ ရဲ့ မိဘတွေဖြစ်ကြတဲ့ အာဆူလာ (Ursula) နဲ့ ရပ်စ် (Russ) တို့ဟာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိနေချိန်မှာ ဘယ်လာရဲ့ အခန်းဗီရိုထဲကနေ ထူးဆန်းတဲ့ မိစ္ဆာတစ်ကောင် ထွက်ပေါ်လာပါတယ်။ အဲဒီသတ္တဝါက ဘယ်လာ ရဲ့ အမေ အာဆူလာ နဲ့ ရုပ်ချင်း အတိအကျတူနေပြီး ဘယ်လာက သူ့ကို နောက်မေမေ "Other Mommy" လို့ ခေါ်ဆိုပါတယ်။ ဒီ Other Mommy ဟာ မိသားစုကို ခြောက်လှန့်ရင်း ဘယ်လာရဲ့ နှလုံးသားထဲကို ဝင်ခွင့်ပေးဖို့ အမြဲတောင်းဆိုနေတဲ့အခါ၊ မိသားစုတစ်ခုလုံး ဘယ်လို ထိတ်လန့်စရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ရိုက်ပြထားပါတယ်။ မိခင် အာဆူလာ နဲ့ သရဲမကြီး Other Mommy နေရာ နှစ်နေရာစလုံးမှာ နာမည်ကြီး မင်းသမီး Jessica Chastain ပါဝင်ထားပြီးဖခင်ဖြစ်သူ ရပ်စ် အဖြစ် Jay Duplassသမီးငယ်လေး ဘယ်လာ အဖြစ် Arabella Olivia Clarkနတ်ဆရာမ (Exorcist) လူးဝစ် အဖြစ် Dichen Lachman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားဟာ ရုံတင်ဝင်ငွေ ဒေါ်လာ ၈၀ သန်းကျော် ရရှိခဲ့တာပါ။ Jessica Chastain ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ မိသားစုဟော်ရာကောင်းကောင်းလေးကြည့်ချင်ရင် လက်လွတ်မခံသင့်ပါဘူး။