The Awakening1 HD

The Awakening1

တောင်အမေရိက တောအုပ်နက်ကြီးထဲမှာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုနဲ့ ရောက်ရှိလာတဲ့အထူးစစ်ဆင်ရေး ကွန်မန်ဒိုတပ်ဖွဲ့ဟာ ရန်သူ့စခန်းကို ရှင်းလင်းရင်းနဲ့ သဘာဝလွန် ထိတ်လန့်စရာ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ကြရပါတယ်။အစပိုင်းမှာ သာမန်စစ်ဆင်ရေးတစ်ခုလို ထင်မှတ်ခဲ့ကြပေမဲ့ တောအုပ်ကြီးရဲ့ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့တဲ့ ရှေးဟောင်းမကောင်းဆိုးဝါး နတ်ဆိုးကြီး နိုးထလာတဲ့အခါမှာတော့ အခြေအနေတွေ လုံးဝပြောင်းလဲသွားပါတော့တယ်။ခေတ်မီလက်နက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဟာ ဒီလို သဘာဝလွန်မိစ္ဆာကောင်ရဲ့ ရက်စက်တဲ့ အမဲလိုက်မှုဒဏ်ကို တစ်ယောက်ပြီးတစ်ယောက် ခံကြရပါတယ်။ အဲဒီတောနက်ကြီးထဲကနေ အသက်ရှင်ကျန်ရစ်သူတွေ ဘယ်လိုရုန်းကန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် Action Horror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်.......