The Stunt Driver HD

The Stunt Driver

Comedy Drama History HD 2026 7.0 99

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကနေဒါနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု ဆို့ကဲဘက်ပြည်နယ်ရှိ St. Lawrence မြစ်ကြီးကို ဒုံးပျံကား(Rocket Car) နဲ့ အထက်ကနေ ဖြတ်ကျော်ခုန်ကူးဖို့ ကြိုးစားခဲ့တဲ့ မိုက်ရူးရဲ စတန့်မင်းသား ကန်ကာတာ (Ken Carter) ရဲ့ သမိုင်းဝင် အဖြစ်မှန်ကို ဟာသနှော ရိုက်ကူးထားတဲ့ Biography / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ နာမည်ကျော်ခဲ့တဲ့ ကနေဒါနိုင်ငံသား စတန့်မင်းသားကြီး ကန်ကာတာရဲ့ မယုံနိုင်စရာ စွန့်စားမှုကြီး အကြောင်းကနေ စတင်ထားတာပါ။ သူဟာ ကနေဒါနိုင်ငံဘက်ခြမ်းကနေ အမေရိကန်ပြည်ထောင်စု ဘက်ခြမ်းဆီ St. Lawrence မြစ်ကြီးကို ၁ မိုင်ကျော် အကွာအဝေးအထိ ဒုံးပျံအင်ဂျင်တပ် ကားတစ်စီးနဲ့ ဖြတ်ကျော် ခုန်ကူးပြဖို့ အစီစဉ်ဆွဲခဲ့ပါတယ်။ ဒီ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားစဉ်မှာပဲ ငွေကြေး အခက်အခဲတွေ၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ၊ အန္တရာယ်ကြီးမားလှတဲ့ စတန့်ပြင်ဆင်မှုတွေနဲ့အတူ သူ့ပတ်ဝန်းကျင်က လူအများစုရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်ခဲ့ရပါတော့တယ်။ မဖြစ်နိုင်ဘူးလို့ အားလုံးက သတ်မှတ်ထားတဲ့ ဒီစတန့်ကြီးကို ကန်ကာတာ တစ်ယောက် အောင်အောင်မြင်မြင် ခုန်ကူးနိုင်မလား ...ဘယ်လိုအလွဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်ဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။