Road to Growth HD

Road to Growth

Family HD 2026 0.0

တစ်ခါတလေ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ စိုးရိမ်ပူပန်မှုတွေဟာ သားသမီးတွေအတွက် ချုပ်ချယ်မှုတစ်ခုလို ခံစားရတတ်ပါတယ်…အထူးသဖြင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် လွတ်လပ်စွာနေချင်တဲ့ ဆယ်ကျော်သက်အရွယ်မှာ မိဘတွေရဲ့စကားကို နားမထောင်ချင်တာ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးမဲ့သူ မရှိဘူးလို့ ခံစားရတာမျိုးတွေ ဖြစ်တတ်ကြပါတယ်…ဒါပေမဲ့ အိမ်နဲ့ဝေးရာကို ထွက်ခွာပြီး မတူညီတဲ့ဘဝတွေကို ကိုယ်တိုင်မြင်တွေ့လာတဲ့အခါမှာတော့ ကိုယ်မသိခဲ့တဲ့ မေတ္တာတရားတွေနဲ့ ဘဝရဲ့အဓိပ္ပာယ်တွေကို နားလည်လာနိုင်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာ ချန်ကျားကျားအဖြစ် မင်းသမီး Lu Tong နဲ့ ကျိုးရွင့်အဖြစ် Ren Zihao တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် မိခင်ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ အမြဲတမ်းအပြစ်တင်ခံနေရတာကို စိတ်ကုန်လာတဲ့ ချန်ကျားကျားတစ်ယောက် သူငယ်ချင်း ကျိုးရွင့်နဲ့အတူ အိမ်ကနေ ထွက်ပြေးပြီး ပင်လယ်ကို သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်…အဖေဖြစ်သူရဲ့ကားအဟောင်းလေးကို ယူပြီး စတင်ခဲ့တဲ့ သူတို့ရဲ့ခရီးစဉ်မှာ ကားပျက်တာ လမ်းပျောက်တာတွေအပြင် မမျှော်လင့်ထားတဲ့ လူတွေနဲ့လည်း ဆုံတွေ့ခဲ့ကြရပါတယ်ခရီးတစ်လျှောက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ဘဝအခက်အခဲတွေကို သိလာတဲ့အခါ သူတို့နှစ်ယောက်ဟာ ကိုယ့်အခက်အခဲကိုယ်သာ တွေးနေရာကနေ တခြားသူတွေရဲ့ခံစားချက်ကိုပါ နားလည်တတ်လာခဲ့ကြပါတယ်… ဒီခရီးစဉ်ကနေတစ်ဆင့် မိဘတွေရဲ့မေတ္တာ မိသားစုရဲ့တန်ဖိုးနဲ့ ဘဝမှာ ရင်ဆိုင်ရမဲ့အရာတွေကို တဖြည်းဖြည်း နားလည်လာကြပြီး ကလေးဘဝကနေ လူကြီးဘဝဆီ ခြေလှမ်းစတင်လာခဲ့ကြပါတော့တယ် မိဘတွေရဲ့ ချုပ်ချယ်မှုကို မခံချင်တဲ့ လူငယ်တစ်ယောက်ရဲ့ ပင်လယ်ဆီသွားတဲ့ ခရီးစဉ်ဟာ လမ်းတစ်လျှောက် ကြုံတွေ့ရတဲ့ လူတွေရဲ့ ဘဝအခက်အခဲတွေကြားမှာ ဘယ်လိုပြောင်းလဲသွားမလဲ… ဖခင်ကို နောက်ဆုံးနှုတ်ဆက်ဖို့နဲ့ မိခင်နဲ့ ပြန်လည်နားလည်မှုရဖို့ ကြိုးစားရတဲ့ သမီးတစ်ယောက်ရဲ့ခရီးစဉ်ကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့မလွတ်တမ်းကြည့်ရှုသင့်ပါတယ်