Eyes On Me HD

Eyes On Me

Mystery HD 2026 0.0

စူးနာ့ဟာ ချစ်သူကျိုးဖုန်နဲ့အတူ ချစ်သူရဲ့နေအိမ်ကိုအားလပ်ရက်တစ်ခုမှာလိုက်လည်ခဲ့ရာမှာ နွေးထွေးမှုတွေနဲ့ ချစ်ကြည်နူးရမယ့်ခရီးတစ်ခုအစား သည်းထိတ်ရင်ဖိုခရီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ အိမ်ထဲဝင်လိုက်တဲ့အချိန်ကစပြီး အရာရာဟာအပေါ်ယံမှာနွေးထွေးသလိုနဲ့ တကယ်တမ်းတော့ စိမ်းသက်အေးစက်နေပြီး လျှို့ဝှက်ချက်တွေရှိနေသလိုခံစားနေရပါတယ်။ စူးနာ့ဟာ ဒီထူးဆန်းတဲ့ခံစားချက်ရဲ့အကြောင်းအရင်းကိုလိုက်ရှာရင်း သိလိုက်ရတာကတော့ သူ့ချစ်သူဟာ သူ့ချစ်သူကျိုးဖုန်မဟုတ်ပဲ တခြားသူရဲ့Chipပြားထည့်ခံထားရတဲ့ခန္ဓာကိုယ်ဖြစ်နေတယ်ဆိုတာကို သိသွားတဲ့အခါမှာတော့ ကျိုးဖုန်နဲ့အတူ ကျိုးဖုန်ရဲ့မိဘတွေကိုပါကယ်တင်ဖို့ကြိုးစားရင်း ဒီရှုပ်ထွေးတဲ့အိမ်ကြီးထဲမှာ အချိန်ကွင်းဆက်တွေ အထပ်ထပ်လည်ပတ်ရင်း ဖြေရှင်းဖို့ကြိုးစားပါတယ်။ အဖြေနဲ့နီးစပ်လာတိုင်း ပိုရှုပ်ထွေးတဲ့အရာတွေပေါ်လာပြီး ပဟေဠိတွေထပ်တိုးကာ ဖြေရှင်းရခက်လာပါတယ်။ နောက်ဆုံးမှာတော့ အရာရာဟာ သူထင်နေသလိုရှုပ်ထွေးနေတာမဟုတ်ပဲ သူ့ရဲ့စိတ်တစ်ခုထဲပေါ်မှာမူတည်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူ့ဘဝရဲ့နာကျင်ရဆုံးအချိန်တွေကို ပြန်ပြီးရင်ဆိုင်လာရပါတော့တယ်။ လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကနေဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကိုပုံဖော်ပြထားတဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖိုဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။