Street Fighter (၂၀၂၆) ကတော့ ငယ်ငယ်က ဆော့ခဲ့ရတဲ့ နာမည်ကျော် ဖိုက်တင်ဂိမ်းကို အသက်သွင်းရိုက်ကူးထားတဲ့ အက်ရှင် ဇာတ်ကားကြီးပါ။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ဒါရိုက်တာ Kitao Sakurai က ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ ၁၉၉၃ ခုနှစ်ကို နောက်ခံထားပြီး အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရီရူ(Ryu) နဲ့ ကန် (Ken Masters) တို့ဆီကို ချွန်းလီ (Chun-Li) ရောက်လာရာကနေ စတင်ပါတယ်။ သူတို့ ၃ ယောက်ဟာ Shadaloo အဖွဲ့အစည်းရဲ့ အာဏာရှင် M. Bison ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ကြရပါတော့တယ်။ဒီပြိုင်ပွဲကျင်းပရတဲ့ Bison ရဲ့ အဓိကရည်ရွယ်ချက်က ရီရူရဲ့ ထူးခြားတဲ့ ကိုယ်ခံပညာစွမ်းအား (Dark Hadou) ကို စုပ်ယူဖို့အတွက် ရီရူကို ပုန်းအောင်းနေရာကနေ ထွက်လာအောင် မျှားခေါ်တာပါ။ ဒါ့အပြင် ပြိုင်ပွဲဝင်တွေကို ခြိမ်းခြောက်နေတဲ့ အာကူးမားဆိုတဲ့ မိစ္ဆာကြီးကလည်း ပါဝင်လာတဲ့အတွက် ပြိုင်ပွဲကြီးက ပိုပြီး အသက်အန္တရာယ် များလာပါတော့တယ်။ ဂိမ်းထဲက အထင်ကရ ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး သူတို့ရဲ့ အားပြိုင်မှုတွေနဲ့ အက်ရှင်အခန်းတွေကို မြင်တွေ့ရမှာပါ။