Hari ဟာ လူသူကင်းရာအရပ်မှာ ဘဝကို အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ထူးချွန်စစ်မှုထမ်းဟောင်းကြီးတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂျာကာတာက သူ့ရဲ့သားဖြစ်သူဟာ Putri နဲ့ Dim ဆိုတဲ့ Hari ရဲ့ မြေးနှစ်ယောက်ကို ခေါ်ပြီး သူနဲ့အတူ လာထားပြီး အလုပ်ကိစ္စနဲ့ ပြန်ထွက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ မြေးနှစ်ယောက်ရော Hari ရော မသိလိုက်တဲ့အချက်ကတော့ ဂျာကာတာကနေ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ အန္တရာယ်ကပါ သူတို့နဲ့အတူ ပါလာတယ်ဆိုတာပါပဲ။ သားဖြစ်သူကလည်း ပြန်မလာ မြေးဖြစ်သူနှစ်ယောက်ကိုလည်း ရန်ပြုချင်သူတွေ ရှိလာတဲ့အခါမှာတော့ စစ်မှုထမ်းဟောင်းကြီး Hari ဟာ သူ့ရဲ့ ယခင်အရည်အသွေးကို ပြန်လည်အသုံးချဖို့ အကြောင်းဖန်လာပါတော့တယ်။