Tell Me Some Creepier Stories HD

Tell Me Some Creepier Stories

Horror HD 2026 5.0 80

ဇာတ်လမ်းတို ၅ ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ဒီကားမှာ ကြောက်စရာကောင်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေကို မတူညီတဲ့ရှုထောင့်တွေကနေ ထူးခြားဆန်းပြားအောင် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းတွေအားလုံးမှာ သွေးထွက်သံယိုပြကွက်တွေ၊ ရွံရှာစရာပြသမှုတွေနဲ့ ခြောက်ခြားစရာတွေပါဝင်တာကြောင့် ကလေးငယ်လေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ ၁။ သွေးစွန်းတဲ့စပျစ်ဝိုင် စပျစ်သီးတွေကို တိရစ္ဆာန်ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ မြေဩဇာကျွေးပြီး ထူးခြားတဲ့ဝိုင်အရသာကို ထုတ်လုပ်နေတဲ့လျှို့ဝှက်စပျစ်ခြံကြီးတစ်ခုဆီကို ဝိုင်ဝါသနာအိုးအမျိုးသမီးတစ်ယောက်က သုတေသနပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်ရဲ့စိတ်ပျက်စရာလျှို့ဝှက်ချက်ကြီးကို မတော်တဆသိရှိသွားချိန်မှာတော့ ပြေးထွက်ဖို့ နောက်ကျသွားခဲ့ပါပြီ။ အချိုမြိန်ဆုံးဝိုင်တစ်ခွက်အတွက် သွေးစက်အဖြစ် ပေးဆပ်လိုက်ရပါတော့တယ်။ ၂။ စစ်ပြန်ရဲ့ပြောင်းလဲမှု စစ်ပွဲအတွင်းကနေ အိမ်ပြန်ရောက်လာတဲ့အစ်ကိုဖြစ်သူဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ သူ့အမူအရာ၊ အပြုအမူနဲ့စိတ်ထားတွေဟာ ထူးဆန်းစွာပြောင်းလဲနေခဲ့ပြီး သူ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ထဲမှာ တစ်စုံတစ်ခုက ပုန်းကွယ်နေမှန်း ညီမဖြစ်သူ သတိထားမိလာပါတယ်။ စစ်ပွဲကနေ ပြန်လည်လွတ်မြောက်လာခဲ့တာ သာမန်လူတစ်ယောက်လား ဒါမှမဟုတ် ခန္ဓာကိုယ်ကိုဝါးမြိုထားတဲ့မိစ္ဆာဆိုးတစ်ခုလားဆိုတာ စိတ္တဇဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၃။ ကျောထက်က တိပ်ခွေကြိုး အိပ်ရာထဲလဲနေတဲ့အမေအိုကြီးကို စောင့်ရှောက်ဖို့ စီးပွားရေးအခက်အခဲတွေကြားကနေ ပိုင်ဆိုင်သမျှပစ္စည်းတွေကို တစ်ခုပြီးတစ်ခုပေါင်နှံရင်း ရုန်းကန်နေရတဲ့သမီးဖြစ်သူဟာ လေးလံလှတဲ့ ဘဝဝန်ထုပ်ဝန်ပိုးတွေနဲ့အတူ သူ့ကျောကုန်းပေါ်မှာ ထူးဆန်းတဲ့အသားပိုဘုကြီးတစ်ခု စတင်ထွက်ပေါ်လာပါတယ်။ အဆိုးရွားဆုံးကတော့ အဲဒီအသားဘုထဲကနေ မကောင်းဆိုးဝါးတိပ်ခွေကြိုးတွေ ထူးဆန်းစွာထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုပါ ဝါးမြိုစပြုလာတာပဲ ဖြစ်ပါတယ်။ Body Horror ရသကို အပြည့်အဝပေးစွမ်းမယ့်အပိုင်းဖြစ်ပါတယ်။ ၄။ တံတားအောက်က မိစ္ဆာ မုန်တိုင်းကြီးပြီးဆုံးသွားပြီးတဲ့နောက် ကမ်းခြေတံတားအောက်မှာပိမိပြီး လှုပ်ရှားလို့မရဖြစ်နေတဲ့အဘိုးကြီးတစ်ယောက်ကို စိတ်ကောင်းရှိတဲ့ကလေးမလေးတစ်ယောက်က တွေ့ရှိသွားခဲ့ပါတယ်။ ကူညီချင်စိတ်နဲ့ မိဘတွေကိုသွားပြောပြတဲ့အခါ မိဘတွေက ရယ်မောပြီး "အဲဒါ ကလေးတွေကို ဖမ်းစားတဲ့မိစ္ဆာကြီးပါ" လို့ ပေါ့ပေါ့ပဲပြောလိုက်ပါတယ်။ ဒါပေမဲ့ ကလေးမလေးရဲ့အပြစ်မဲ့တဲ့စိတ်ထဲမှာတော့ အဲဒီစကားကို အတည်ယူလိုက်ပြီး ဒုက္ခရောက်နေတဲ့ အဘိုးကြီးကို ရက်စက်စွာ အသက်နုတ်ယူလိုက်ပါတော့တယ်။ ၅။ ယဇ်ပူဇော်ပွဲ မောင်လေးဖြစ်သူက ကျောင်းမလာတာ ရက်အတန်ကြာနေပြီဖြစ်လို့ အစ်မဖြစ်သူကို ခေါ်ယူမေးမြန်းရာကနေ စိုးရိမ်စိတ်နဲ့ အိမ်တိုင်ရာရောက်လိုက်သွားခဲ့တဲ့ ကျောင်းအုပ်ဆရာကြီးဟာ အဲဒီအိမ်ထဲကို ခြေလှမ်းလိုက်ချိန်မှာတော့ ဝိညာဉ်ရေးရာ ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ ငရဲခန်းတစ်ခုဆီ ရောက်သွားခဲ့ပါတယ်။ မောင်နှမနှစ်ယောက်ဟာ မိဘတွေကို ရှေးဟောင်းနတ်ဆိုးဆီ ယဇ်ပူဇော်ထားကြတာဖြစ်ပြီး အမှန်တရားကိုစူးစမ်းဖို့ ရောက်လာတဲ့ကျောင်းအုပ်ဆရာကြီးပါ။ နောက်ထပ်သွေးစွန်းယဇ်ကောင်အဖြစ် သတ်ဖြတ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။