Daayra HD

Daayra

Crime Drama BollyWood HD 2026 0.0 141

၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့မှာ တကယ်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီးတော့ ဒါရိုက်တာ Meghna Gulzar ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းသည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဘောလိဝုဒ်မင်းသမီးကြီး Kareena Kapoor Khan နဲ့ တောင်ပိုင်းမင်းသားကြီး Prithviraj Sukumaran တို့ အပြိုင်သရုပ်ဆောင်ထားကြပါတယ်။အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့မှာတော့ သူမရဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒီရက်စက်လွန်းတဲ့ လူသ_တ်မှုကြီးကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်သွားပြီး တရားခံတွေကို အမြန်ဆုံးဖမ်းဆီးအပြစ်ပေးဖို့ ပြည်သူတွေနဲ့ မီဒီယာတွေက ရဲတပ်ဖွဲ့အပေါ် ဖိအားအပြင်းအထန် ပေးလာကြပါတယ်။ အမှုကို ကိုင်တွယ်ရတဲ့ DCPဂာမန်ကူးမား ဟာ ရက်ပိုင်းအတွင်းမှာပဲ သံသယရှိသူ လူငယ် (၄) ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးတောင် မတင်ရသေးခင်မှာပဲ အဲဒီတရားခံ (၄) ဦးလုံး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ‌ေ_သဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကတော့ တရားခံတွေဟာ အချုပ်ကနေ ထွက်ပြေးဖို့ကြိုးစားရင်း ရဲတွေကို ပြန်ပစ်ခတ်တာကြောင့် မိမိကိုယ်ကို ခုခံကာကွယ်ရင်း ပစ်သတ်လိုက်ရတာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူအများစုက တရားခံတွေ ချက်ချင်းဝဋ်လည်သွားပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံနေကြချိန်မှာ တစ်ဖက်မှာတော့ ဒါဟာ တရားဥပဒေမဲ့ ကြိုတင်စီစဉ်ပြီး ပစ်သ_တ်လိုက်တာ ဖြစ်တယ်ဆိုပြီး စွပ်စွဲကန့်ကွက်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီပစ်ခတ်မှုဟာ တကယ်ပဲ မတော်တဆ ခုခံပစ်ခတ်မှုလား ဒါမှမဟုတ် ဥပဒေပြင်ပကနေ လက်စားချေ စီရင်လိုက်တာလားဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ရောက်ရှိလာတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေ ထပ်ပေါ်လာဦးမလဲ... ဥပဒေဘောင်အတွင်းက တရားမျှတမှုနဲ့ ပြည်သူ့ဆန္ဒကြားက အားပြိုင်မှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။